အစကတွေ့ခဲ့ရင်
အစကတွေ့ခဲ့ရင် စက်ရုံကနေညဆိုင်းဆင်းပြီးပြန်လာတော့ ညကိုးနာရီခန့်ပင်ရှိနေချေပြီ။ ဒီနေ့ညမှ အရင်ကပို့ပေးနေကျ ဖယ်ရီ ဒရိုင်ဘာနေမကောင်းသဖြင့် ကိုယ့်အစီအစဉ်နှင့်ကိုယ်ပြန်ရလေသည်။ ယခင်ကဆိုလျှင်တော့ အတူပြန်နေကျ တစ်ရပ်ကွက်ထဲနေ သူငယ်ချင်းမတွေရှိပေမဲ့ ယခုတော့ အများစုက စက်ရုံပြောင်းသွားကြသည်မို့…